ဤစာအုပ်သည် စာရေးဆရာမ ကြီး ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားထားသော Three Years Under The Japs ကို မြေးဖြစ်သူ ဂျူနီယာဝင်းက မြန်မာဘာသာသို့ ပြန်ဆိုထားသော စာအုပ်ပင်ဖြစ်သည်။ မူရင်း စာအုပ်တွင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားချက်ကို မြန်မာပြည်၏ အာဇာနည်ကိုးဦးတွင် တစ်ဦးအပါ အဖြစ် ဂုဏ်ပြု သတ်မှတ်ခံရသည့် ဒီးဒုတ်ဦးဘချိုမှ အင်္ဂလိပ်လို ရေး သားပေးထားသည့် အမှာစာအား ဖတ်ရှုရသည်မှာလည်း ထူးခြားချက် ပင်ဖြစ်သည်။ ကင်ဆာအကျိတ်ကို စားသုံးဖျက်ဆီးပစ်လိုက်နိုင်သည်ဟူသော ရေဒီယမ် သတ္တုအပ်ဖျားမှ ဖြစ်ပေါ် လာသော ဓာတ်ရောင်ခြည်ကဲ့သို့ ဂျပန် တို့ ပို့လွှတ်လိုက်သော လင်းရောင် ခြည်တန်းများသည် မြန်မာပြည်သူ ပြည်သားတို့ကို ကိုယ်အားဖြင့်လည်း ကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်ကျင့်တရားအားဖြင့်လည်း ကောင်း၊ စီးပွားရေးအားဖြင့်လည်း ကောင်း၊ ယဉ်ကျေးမှုအားဖြင့်လည်း ကောင်း၊ အစိတ်စိတ်အမြွှာမြွှာ ချေမွ ဖျက်ဆီးပစ်လိုက်တော့သည်။ ဤ စာ အုပ်ကို ရေးသားသူ စာရေးဆရာ သည် သာမန် မြန်မာအမျိုးသမီး တစ် ဦး၏ အမြင်ထက် မပိုသော သုံးနှစ် တာ ဂျပန်လက်အောက်အတွင်း သူမ ၏ ကိုယ်တွေ့ဖြစ်ရပ်များကို ရေး သား ခဲ့ရုံသာရှိပါသည်။ မှန်ကန် သော အကြောင်းအရာ၊ ရှုပ်ထွေးမှု မပါသည့် ပြည့်စုံသော ရေးသားချက် များဖြစ်ပါ၏။ ဤစာအုပ်သည် သာ မန် မြန်မာလူမျိုးတစ်ဦး၏ ခံစား ချက် များကို ရောင်ပြန်ဟပ်ပါသည်။ တစ် ဘက်တွင်လည်း သမိုင်းသုတေသီ များအတွက် ဂျပန်ခေတ် သုံးနှစ် တာအတွင်း မြန်မာနိုင်ငံ၏ သမိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ မှတ် တမ်းမှတ်ရာ သဲလွန်စများကို ရရှိနိုင် ပါသည်။ သုံးနှစ်တာ ဂျပန်ခေတ် အတွင်းက အဖြစ်အပျက်တွေကို လှစ်ဟပြထားသည့် ရေးသားချက် များတွင် မြန်မာတစ်ပြည်လုံး စစ် အကျဉ်းစခန်းကြီးအဖြစ်သို့ ရောက်ရှိ ခဲ့ရပုံ၊ ရိုင်းစိုင်းဆိုးရွား နာဇီစခန်းများ ၏ ရှက်ဖွယ်မှတ်တိုင်များ အဖြစ်ကို အလွယ်တကူသိမြင်လာရပေလိမ့် မည်။ ထိုအကျဉ်းစခန်းကြီးသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ရှက် စရာ မော်ကွန်းကျောက်တိုင်များ ဟု အမည်တွင်သည့် နာဇီ အကျဉ်းစခန်း များထက်ပင် သာလွန်သော မှတ်တိုင် တစ်ခုဖြစ်ကြောင်းကို ဤစာအုပ် ကလေးတွင် တွေ့ရှိရမည် ဖြစ်ပါ သည်။ ဟူသော အမှာစာကို ဖတ်ရှု ကြည့်ပြီးသည့်နောက် ဤစာအုပ်၏ သမိုင်းတန်ဖိုးကို ခန့်မှန်းနိုင်ပေပြီ။ မူရင်း အင်္ဂလိပ်စာအုပ်ကလေးသည် စာကြည့်တိုက်များတွင်ပင် ရှာဖွေ၍ မရနိုင်လောက်အောင်ပင် ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီးမှ စာပေမြတ်နိုးသူ စာရေးဆရာ တစ်ဦး ၏ကျေးဇူးကြောင့် မြေးဖြစ်သူ ဂျူ နီယာဝင်းလက်ဝယ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီးမှ အဘွားဖြစ်သူ၏ စာပေ ကို ထိန်းသိမ်းသည့်အနေဖြင့်လည်း ကောင်း၊ သမိုင်းဆိုင်ရာအထောက် အထားတစ်ခုအနေဖြင့်လည်းကောင်း တန်ဖိုးထားကာ အဆင့်အတန်းမြင့် လွန်းသည့် အင်္ဂလိပ်စာအရေးအသား ကို ကြိုးစားပမ်းစား ဘာသာပြန်တင် ပြထားပါသည်ဟု ဆရာမကြီး၏မြေး ဂျူနီယာဝင်းက ဆိုထားသည်။ မည်သို့ဆိုစေ ယခုကဲ့သို့ သမိုင်း တန်ဖိုးကြီးမားလှသည့် စာကောင်း ပေကောင်းများကို နောင်လာ နောက် သားများ၊ ယခုလက်ရှိခေတ်တွင် မသိ မမီလိုက်သူများအတွက် အင်္ဂလိပ် အရေးအသားကို လေ့လာ အတုယူ နိုင်သလို မြန်မာပြည်၏ သူ့ကျွန်ဘဝ အရိပ်မည်း အတိတ်ဆိုးကြီးကို မမေ့ အောင် တပ်လှန့်လိုက်နိုင်သည့် စာ အုပ်ကောင်းတစ်အုပ်ပင်ဖြစ်ပေသည်။
စာမူခွင့်ပြုချက်အမှတ်၊ ၃၁ဝ၁၆ ၂၁၂၁ဝ။ ပထမကြိမ်၊ သြဂုတ်၊ ၂ဝ၁၁။ တန်ဖိုး၊ ၁ဝဝဝ ကျပ်၊ ဖြန့် ချိရေး၊ ဒေါင်းစာပေ။
Credit to ဈေးကွက်ဂျာနယ်