Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

M B R { Myanmar Book Review & Sharing)
* *

Myanmar Book Reviews (M-B-R)
Join this Group!Add to My Yahoo
Report Abuse


မြန်မာစာအုပ်အညွှန်းအဖွဲ့ သည် MMG ၏ မဟာမိတ်အဖွဲ့ ဝင် အဖြစ် တည်ရှိပါသည်။


,


သစ္စာ------
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊
ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊
တစ်ပုဒ်တလေ
တွေ့ ငြားပေမူ၊
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊
ငါမွန်အမြတ် ငါ့အတက်ဟု၊
စာဖတ်သူ့ ပေါ် ခေါင်းကိုကျော်၍၊
ငါသော်ဆရာ မလုပ်ပါတည်း။
(တက္ကသိုလ် ဘုန်းနိုင်)



Reading make a full man;
Home

* မြန်မာစာအုပ်အညွှန်းများ *

Dec 10, 2009

အစားကောင်းများစားရလျှင် ခင်ရာဆွေမျိုးမိတ်ဆွေသူငယ်ချင်းများကို သတိရသကဲ့သို့ 
သဘောကျနှစ်သက်ခံစားရသော စာအုပ်ကောင်းများ ဖတ်ခဲ့ရသောအခါတွင် ခင်မင်တဲ့ မိတ်ဆွေများကို ဝေမျှချင်ခဲ့သောစိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့ဖူးပါသည်။

ထို့ ကြောင့်ပင် စာပေ၀ါသနာအိုးများစုစည်းရာ စာအုပ်အညွှန်းအဖွဲ့ ကို တနေရာတည်းတွင်စုစည်းနိုင်ရန် ဖွဲ့ စည်းလိုက်ပါသည်။
မိတ်ဆွေသူငယ်ချင်းများ ဖတ်ခဲ့ရသောစာအုပ်များ၊ ခံစားချက်များကို တင်ပြရာ စာအုပ်များညွှန်းဆိုရာ
အဖွဲ့ အဖြစ် ရပ်တည်လိုက်ပါသည်။

Ebook Pdf ဖိုင်များမှာ လွယ်ကူစွာ အင်တာနက်စာကြည့်တိုက်များတွင် Dowload လုပ်နိုင်ရန် Links များအဖြစ်ချိတ်ဆက်ပေးထားပါမည်။

စာဖတ်ဝါသနာရှင်များနှင့် ဖတ်ခဲ့ရသော ဝေမျှစေလိုသော စာအုပ်အညွှန်းများသာ ရေးသားရန်သက်သက် အဖွဲ့ အဖြစ် ဖွဲ့ စည်းလိုက်ရပါသည်။
စည်းကမ်းချက်များ

စာအုပ်စာပေများညွှန်းဆိုရာအတွက် သီးသန့် ရည်ညွှန်းပြုလုပ်သည့်အဖွဲ့ ဖြစ်သည့်အားလျှော်စွာ-

၁။ စာအုပ်စာပေနှင့်သက်ဆိုင်သောအကြောင်းအရာများကိုသာ ဆွေးနွေးတင်ပြရပါမည်။

၂။ နိုင်ငံခြားစာအုပ်များညွှန်းဆိုတင်ပြလိုပါက မြန်မာလိုအကြောင်းအရာရှင်းလင်းချက်များနှင့်တကွ ဖော်ပြ  ပေးရန် လိုပါသည်။

၃။ မိမိဖတ်ခဲ့ရသောစာအုပ်များကို ကြိုက်နှစ်သက်လို့ အကျဉ်းချူပ်ဖော်ပြမည်ဆိုပါက
စာအုပ်နာမည်၊စာရေးဆရာများနာမည်နှင့်တကွ ထုတ်ဝေသည့်ခုနှစ်ပါ အတက်နိုင်ဆုံး
ဖော်ပြပေးပါရန် အနူးအညွှတ် ပန်ကြားအပ်ပါသည်။


၎။ စာအုပ်များ ဒေါင်းလုဒ်လုပ်ရန်သက်သက်ဖွဲ့ စည်းထားခြင်းမဟုတ်ပဲ စာအုပ်တစ်အုပ်ပေါ်မှ
ရသောအတွေးအမြင်၊ဗဟုသုတအကြောင်းအရာများကို အချင်းချင်းပြန်လည်မျှဝေစားသုံးရန် ရည်ရွယ်ပါသဖြင့် လိုအပ်မှသာ
ဒေါင်းလုဒ်လုပ်ခြင်းကိစ္စများ ဆွေးနွေးတင်ပြရန် ပန်ကြားအပ်ပါသည်။ ရှားပါးသောစာအုပ်များကို Pdf အနေဖြင့် ကိုယ်တိုင်ဖန်တီးပေးနိုင်ပါက
မျှဝေနိုင်ပါသည်။


Google
.
.
Photo Albumစာပေရေးရာ ဓာတ်ပုံမှတ်တမ်းများ
Jan 31, 2010
ddd
dThumbnaild
ddd
ဆရာ ဖေမြင့်
3 Photos, 4 comments
ddd
dThumbnaild
ddd
ထင်ရှားခဲ့သော မြန်မာကဗျာများ
7 Photos, 3 comments
ddd
dThumbnaild
ddd
ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) (၁၉၃၈ - ၂၀၀၂)
1 Photo, 3 comments

   View All
.
Review

စာအုပ်အညွှန်းများ

မူရင်းစာရေးဆရာ အရေးအသားနှင့်တကွ ဖော်ပြပေးရန်

စာအုပ်အညွှန်း ရေးရန်
May 8, 2012
ဦးကြည်မြင့် (လသာ)


ဦးကြည်မြင့် (လသာ)
Myanmar Book Reviews (M-B-R)'s favorite reviews:
Nov 15-ဂျပန်ခေတ်မှာ သုံးနှစ်တာ ခင်မျိုးချစ်၊ ဂျူနီယာဝင်း
Nov 15-နိုင်ငံရေး သိပ္ပံပညာ ကျောင်းသား ဒဂုန်တာရာ
Nov 13-မြင်းကိုအတင်းရေသောက်ခိုင်း၍မရနိုင်
Oct 27-ရသစာပေ ဖန်တီးခြင်း
Oct 22-ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း
Oct 20-တံခါးအိုတစ်ချပ်၏ ခန္ဓာဗေဒကို ခွဲစိတ်ကြည့်ခြင်း
Aug 24-အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)
Jul 5-သခင်တင်မြ ၏ ဘုံဘ၀မှာဖြင့် ဒုတိယပိုင်း အမှားနှင့်အမှန်
Mar 27-ယူအေအီး နိုင်ငံ က ပထမ အကြိမ်စာပေဟောပြောပွဲ
Mar 3-တတိယကမ္ဘာရှိစာအုပ်များ
Dec 21-လန်ဒန်မြို့က ဆရာမနုနုရည် (အင်းဝ) စာပေဟောပြောပွဲ
Dec 8-သူ မင်းကို ဘယ်တော့မှ(ဂျူး)
Oct 11-နယ်လ်ဆင် မန်ဒဲလား ကိုယ်ရေးမှတ်တမ်း
Sep 13- …ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာကားချပ်များ
Sep 12- မှိုင်းဋီကာ မှိုင်းဗေဒ သို့မဟုတ် သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ
Sep 9-မနေ့ တစ်နေ့ က ရွာတဲ့မိုး မှ "ဝေဖန်ရေးနှင့် လက်တွေ့ "
Aug 16-သင့်ရဲ့ ကျောက်ဆူးက ဘယ်သူလဲ နှင့် အခြားဆောင်းပါးများ
Jul 16-မေတ္တာတေးသံ ကဗျာများ
Jul 15-ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ
Jul 13-"ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်"
Mar 15- "စိန်ခေါ်မှုများနှင့် မဟာဗျူဟာ စီမံခန့် ခွဲမှု စာအုပ်" မိတ်ဆက်
Feb 9-Excerpts from a new book of Atta Kyaw
   View All
..
Blog Entry

စာအုပ်အညွှန်းဘလော့

စာဖတ်သူ၏ ကြိုက်နှစ်သက်သော အတွေးအမြင်များကို လွတ်လပ်စွာ ရွေးတင်ရန်

Apr 22, 2012
• ဘာသာပြန်ဆိုသူ – စိန်ဝင်းစိန် • ထုတ်ဝေသည့်ခုနှစ် – ပထမအကြိမ်၊ ဇွန်လ ၂၀၁၀ ခုနှစ် • ထုတ်ဝေသည့်တိုက် – လောကသစ်စာပေ • တန်ဖိုး – ၃၀၀၀ ကျပ် • စာမျက်နှာ – ၃၅၄ မျက်နှာ …….. …… ….. ၁၉၅၀ ခုနှစ်ကျော်ကာလက သမ္မတြ... more
Previous blog entries:
Apr 21-စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု click
Mar 25-Than Win Hlaing - Burmese Women of Burma
Mar 19-ဒီမိုကရေစီ ပါရာဒိုင်း (စာအုပ်မိတ်ဆက်)
Myanmar Book Reviews (M-B-R)'s favorite blog entries:
Jan 18-တံတား၊ တံတိုင်း နန်းတော်ဆီ - ကြည်ရွှန်း
Jan 18-သခင်ကိုယ်တော်မှိုင်း - သိန်းဖေမြင့်
Nov 17-ပထမတန်းစားနိုင်ငံ၊ပထမတန်းစားစိတ်ဓာတ်နှင့် ရှာမှရှားတဲ့နိုင်ငံရေးသမား
Nov 7-ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို့  စာအုပ်အညွန်း
Nov 7-အိုရှိုးပြောတဲ့ ဟင်းလင်းပြင် - ရဲထက်
Nov 3-ပေါ်ဦးသက်အလည်လာခြင်း - ရေးသားသူ ခင်မောင်ရင်
Oct 31-စာအုပ်ပေါ်မှ အတွေးအမြင်ပေးသော ကာတွန်းများ
Aug 20-ဒါလေးကို နောက်ဆုံးနုတ်ဆက်တင်ခဲံ့တယ် အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)
Aug 5-ဖတ်မှတ်ရသော အတွေးသမား လက်စွဲစကားများ
Jul 6-‘ဗိုလ်ချုပ်အောင်ဆန်း၏ စာစုစာရင်း’’ စာအုပ်ထွက်
Jul 1-စာပေဟောပြောပွဲ စုစည်းမှု (၇၁) ပုဒ်
Jun 28-ရယ်စရာ နောက်ကွယ်မှာ မျက်ရည်တွေ ရှိတယ်ဆိုတဲ့ ဆရာချစ်ဦးညို
Jun 28-ကျောင်းသားခေါင်းဆောင် တင်မောင်ဦး စာအုပ် ထွက်ပြီ
Jun 21-အငြိမ့်လက်ရာများ
Jun 19-ကစ်ဆင်ဂျား ပြောတဲ့ တရုတ်ရဲ့ စိန်ခေါ်မှု
Jun 13-ဗြိတိသျှကောင်စီ စာကြည့်တိုက် မုတ်သုန် စာအုပ်ပြပွဲ
Jun 11-မျော်လင့်ချက်ဖြင့်ဖတ်ခဲ့သည် ( မောင်သစ်ဦး )
Jun 10- ဦးဥာဏ်ဝင်းရဲ့ မော်ဒန်ဒီပလိုမေစီ
Jun 7-စာအုပ်တအုပ်ကို မြည်းကြည့်ဖို့ - အက်ဆေး လှည်းတန်း
May 7-စကားဝါမြေမှ စာပေဟောပြောပွဲအသံဖိုင်များ
May 5-ရာစုသစ်သည် အာရှခောတ်လော (သန်းစိုးနိုင်)
May 2-ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး ပေါင်းချုပ်
Apr 26-ဆရာအောင်သင်းတို့ စင်္ကာပူတွင် စာပေဟောပြော
Apr 26-အကွဲအပြဲ ဇာတ်လမ်း (ငြိမ်းဝေ)
Apr 9-အပြင်မှာ စာအုပ်လှန်ဖတ်သလို ကွန်ပျူတာထဲမှာဖတ်မယ်
Apr 9-ဟိုက္ကူကဗျာ မြည်းစရာ(၃)
Apr 8-ဟိုက္ကူကဗျာ မြည်းစရာ(၂)
Apr 5-ဟိုက္ကူကဗျာ မြည်းစရာ(၁)
Mar 27-မိုးလေ၀သ မှန်မှန်ဟော တောက်တဲ့ကိုလူချော
Mar 13-တွစ်တာ မက်ဆေ့ခ်ျများကို စုစည်းပြီး စာအုပ်ထုတ်ဝေမည်
Mar 11-မိန်းမ မရှိတဲ့ ယောက်ျားများ
Feb 27-အိပ်မက်သုံးဆင့်ထဲ ရောက်သွားခဲ့သူ (ကိုငြိမ်း မန္တလေး)
Feb 24- ငှက်တစ်ကောင်၏ အတွေးရနံ့ များ (၂)
Feb 17-ငှက်တစ်ကောင်၏ အတွေးရနံ့ များ (၁)
Jan 2-ဘ၀ခါးခါး
Dec 24-ဆရာဇော်ဂျီ၏ရသစာပေအဖွင့်
Dec 16-ခင်မောင်၇င်၏ This is Kin Maung Yin စာအုပ်ထွက်ရှိ
Dec 16-ခင်မောင်ရင်၊ဇော်ဇော်အောင်(အနုပညာင်္စ)
Dec 13-မင်းဒင်၇ဲ့ သက်ခိုင် စာအုပ်ညွှန်း
Dec 11-အိက်စ်ဇိုင်း စာရေးဆရာများရဲ့ အိမ်အလွမ်း
Nov 6-ဆရာ နေဇင်လတ်ရဲ့ ရွှေအမြူတေဆောင်းပါးများ
Nov 5-သဏ္ဌာန်သစ်ငြိမ် ကဗျာများ
Nov 3-ဒေါ်အောင်ဆန်းစုကြည် အကြောင်းအဖြုတ်ခံထားရတဲ့ စာအုပ်
Nov 3-ဗိမ္မိသာရ
Oct 16-ကောက်ကွေ့ တဲ့ မြစ်ကို ဆွဲဆန့် နိုင်ပါ့မလား (ငြိမ်သက်)
Oct 15-ဗဂျီအောင်စိုး နှစ် ၂၀ ဆယ်ပြည့် အမှတ်တရ စာအုပ်
Oct 12-ကဗျာစာအုပ် (ကဗျာဆရာ ဗားတော့ဗရက်)
Oct 10-"၂၁ ရာစု သားရွှေဥ" စာအုပ်အညွှန်း
Oct 3-ဟိုချီမင်း အတ္ထုပ္ပတ္တိ
Oct 3-NGLISH BOOK SECTION ဘားရတ်အိုဘားမား
Sep 23-သမိုင်းအား ခွဲခြမ်းစိတ်ဖြာခြင်း
Sep 7-စဉ်းစားဖွယ်ကောင်းတဲ့ မင်းသိင်္ခ ရဲ့  - မအောင်ရင်
Sep 7-လူ နဲ့ မူ (ဒေါက်တာ တင်မောင်သန်း)
Aug 29-ရယ်မော လွမ်းဆွတ်ရင်း ကြည်နူးဖွယ်ကောင်းသော ဂျီဟောသူ
Jul 9-စိန်ခေါ်နေသော စာမျက်နှာများ
May 10-ဖတ်သင့်တဲ့ "အတောင်ပံပါတဲ့စကားလုံးလေးများ"
Apr 7-ဈေးကွက်ထဲက စာအုပ်တစ်အုပ်
Mar 15-မြန်မာအကြိုသမိုင်း
Feb 13-ချစ်တတ်သူများ အတွက် “ လက်ဆောင်မွန် ”
Feb 10-မေးလ်လေးနှစ်စောင်
Feb 3-အတွေးစာအုပ်တစ်အုပ်
Jan 29-ပြိုင်မြင်းတို့ရဲ့ ခွာသံ ( မဖတ်မဖြစ် ဖတ်ရမဲ့ စာအုပ် )
   View All
.
Musicစာပေဟောပြောပွဲ {အသံဖိုင်များ} Jan 5, 2011
ဆရာချစ်ဦးညိုရဲ့ မူဆယ်စာပေဟောပြောပွဲဖိုင်လေးပါ။ Download Mediafire Part 1:  Download Mediafire Part 2: ... more
Myanmar Book Reviews (M-B-R)'s favorite playlists:
Oct 9-ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ
   View All
.
Tagboxစာပေဟောပြောပွဲ အသံဖိုင်များ
  (ဓါတ်ပုံ - မအေးနှင်းညို) လန်ဒန်မြို့ Free Word Centre မှာ အင်္ဂလိပ် ကလောင်ရှင်များ အဖွဲ့၊ Index on Censorship အဖွဲ့နဲ့ လန်ဒန်မြို့ရောက် မြန်မာအနုပညာရှင်များ စုပေါင်းပြီး အောက်တိုဘာ (၁၄) ရက်က (၁၇) ရက် အထိ မြန်မာအနုပညာပွဲတော် တစ်ခုကို... more
Previous posts:
Jul 17-စင်ကာပူ စာပေဟောပြောပွဲ အသံဖိုင်များ
.
Eventစာပေသတင်းရက်စွဲများ Apr 22, 2011
Start:     Apr 22, '11 03:00a
ဆဋ္ဌမအကြိမ်မြောက် သုတစွယ်စုံ စာပေဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကြီးမှူး၍ စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံ စာအုပ်တိုက်က ချီးမြှင့်မည့် ဆဋ္ဌမအကြိမ်မြောက် သုတစွယ်စုံ စာပေဆုအတွက် ဆုရရှိသူများ စာရင်း ကို... more
Myanmar Book Reviews (M-B-R)'s favorite events:
Apr 5-"ကမ္ဘာ့စာအုပ်များနေ့" အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင်ကျင်းပမည်
Mar 14-မြန်မာ့ပထမဆုံး Media Corner လာပြီ
Dec 11-စာရေးဆရာ ဟိန်းလတ်က “စာတောအလယ်မှာ” ( In the Literary World) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်
Nov 8-Explore Myanmar စာအုပ် ထုတ်ဝေ
Nov 13-ဆရာချစ်ဦးညို ရဲ့ “ အနုပညာခံစားမှုနှင့် အနုပညာဖန်တီးမှု” ဟောပြောပွဲ
Oct 20-မြန်မာ့ရက်စဉ်သမိုင်းစာအူပ် နှစ်အုပ်တွဲထုတ်ဝေဖြန့် ချီပြီ
Sep 8-မိုဘိုင်းစာအုပ် အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့လှည့်လည် ရောင်းချမည်ဟုဆို
   View All
..
.
Videoစာပေရေးရာ ဗီဒီယိုဖိုင်များ May 11, 2011
.
Recipeစာပေရေးရာ အင်တာဗျူးများ
Myanmar Book Reviews (M-B-R)'s favorite recipes:
Sep 9- စေတနာကိုရေးသူ မောင်ပေါ်ထွန်း
   View All
.
Note
Guestbook
   
myanmarmobile wrote on Apr 27
လာလည်သွားပါတယ်ဗျာ.ကျွန်တော့်ဆိုက်လေးကိုလဲလာလည်ပါလိုဖိတ်ပါတ
khinelulu wrote on Mar 7
စာအုပ်အညွှန်းလေးတွေ တင်ချင်လို့  အက်သွားပါတယ်မမ လက်ခံပေးပါ
minponenya wrote on Feb 5
လာသွားပြီဗျာ
yeye2020 wrote on Dec 21, '11
လာလည်တယ်နော်တာတာ
တော်တော်စုံတယ်
alawnthintpachi wrote on Nov 23, '11
အရမ်းကောင်းတယ်ဗျာ
myanmarclassic wrote on Oct 28, '11
ပစ်မှတ်ထဲက မြန်မာပြည်
ဂျိုးဆက်ဖ် ဘော | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁

(စာအုပ်ဝေဖန်ချက်)

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ သီပေါမြို့ကလေးတွင် မွန်းလွဲချိန်၌ လက်ဖက်ရည်ဆိုင်၊ သို့မဟုတ် စားသောက်ဆိုင် တခုခုအတွင်းထိုင်၍ လမ်းမပေါ် ဖြတ်သန်းသွားလာသည့် လူစီးကားသစ် SUV ယာဉ်တန်းကို ထိုင်ကြည့်နေကြရသည်က လူအများအဖို့ ဝါသနာတခုလို ဖြစ်လာသည်။

ကားများကို ပလတ်စတစ်စဖြင့် အလုံပိတ်ထားကြပြီး၊ မြန်မာနိုင်ငံတွင် ပြန်ရောင်းချကြ ရန်ဖြစ်သည်။ တရုတ်ပြည်မှ
နေ၍ တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ မောင်းနှင်သွားကြသည်။ ထိုမျှသာမက ဈေးချိုချိုဖြင့် ဝယ်ယူလာသည် ဟု ယူဆရသည့် လိမ္မော်သီးကားတန်းများလည်း ပြည်တွင်းဘက် ဆင်းသွားကြသလို၊ ဆန့်ကျင်ဘက်သို့ ကျွန်းသစ် ယာဉ်တန်းကြီးက ပြန်ဖြတ်သွားကြသည်။ နောက် ၁၅-နှစ်ကြာသည့်အခါ တရုတ်၏စီးပွားရေး မြန်မာနိုင်ငံ အတွင်း သို့ ချဲ့ထွင်လာသည့် အခြေအနေက အဓိကပြောဆိုစရာ အကြောင်းကိစ္စတခု ဖြစ်လာခဲ့သည်။

သမိုင်းပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဦးသန့်မြင့်ဦးက သူ၏ နောက်ဆုံးစာအုပ် "တရုတ်ပြည်နှင့် အိန္ဒိယ တွေ့ဆုံ သည့် နေရာ" (Where China Meets India) တွင် သူ၏အဆိုကို တင်ထားသည်။ သူ့အမြင်က အသစ်တော့ မဟုတ်။ ၁၉၉ဝ ခုနှစ်များ နှစ်လည်ပိုင်းမှစ၍ စတင်ဖြစ်ထွန်းလာခဲ့သည့် ရေစီးကြောင်းကို ချဲ့ထွင် မွမ်းမံ၍ တင်ပြ
ခြင်းသာ ဖြစ်သည်။ ရာစု နှစ်ပေါင်းများစွာ တရုတ်ပြည်နှင့် အိန္ဒိယအကြားတွင် မြန်မာနိုင်ငံက ဆက်စပ်ပေါင်းကူး တံတားထိုး၍ မဖြစ်နိုင်သည့် အခြေအနေရှိခဲ့သည်။

သန့်မြင့်ဦးတင်ပြသည့် သမိုင်းကြောင်းအရဆိုလျှင် မြန်မာနိုင်ငံက များမကြာမီနှစ်များတွင် ပြောင်းလဲလာသည့် အာရှမြေမျက်နှာသွင်ပြင်က ဝိုင်းပတ်ထားသည့် ဗဟိုချက်မတွင် ရောက်ရှိနေခဲ့ပြီဟု ဆိုသည်။ အကြောင်းမှာ အာရှ၏ မဟာလူဦးရေ ပိုင်ဆိုင်ထားသည့် အင်အားကြီးနိုင်ငံ နှစ်ခုက လာတွေ့ဆုံသည့် မြန်မာနိုင်ငံကို ခေတ်သစ် တခုအသွင်သို့ တွန်းထိုး ပို့ဆောင်တော့မည် ဖြစ်သောကြောင့်ပင်။
wherechinameetsindia
"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့်နေရာ" အမည်ရ စာအုပ်သည်
ပြောင်းလဲနေသည့် မြေပုံများနှင့် လူဦးရေများ အကြောင်းကို အများစု ပုံဖော်တင်ပြ ထားခြင်း ဖြစ်သည်။ ကက်ပလန်ဆန်ဆန် ခရီးသွာ
အတွေ့အကြုံ ဇာတ်ကြောင်း ကို ပြန်ပြောပြရင်း စာအုပ်ကိုသယ်ဆောင်
သွားရာ၊ အချို့သော စာသားများက ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဘူးသူများအတွက် အထူးအကျိုး ဖြစ်စေမည်မှာ မလွဲပေ။

သို့မဟုတ် တကြိမ်တခါ ရောက်ဖူး၊ တွေ့ကြုံဖူးခဲ့သူများကလည်း နောက်ဆုံး အခြေအနေကို ပြန်၍ နှိုင်းယှဉ်ကြည့်နိုင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်
စေ ဦးသန့်မြင့်ဦးက တင်ပြသည့် သုံးသပ်ချက်များ၊ အဆိုပြုချက်များက ယင်း
ဒေသ၏ ပြောင်းလဲဖြစ်ပေါ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်၍ အတွင်းကျကျလှုံ့ဆော်မှု အတွေးကို ပေးနိုင်လိမ့်မည် ဖြစ်သည်။

စာအုပ်ကို ကဏ္ဍများခွဲခြားထားပြီး စာရေးသူက သက်ဆိုင်ရာနိုင်ငံများအလိုက် အချိန်ကာလကို အခြေပြု၍ အခန်းခွဲ တင်ပြထားခြင်း ဖြစ်သည်။ တင်ပြထားသည့် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အခန်းသည် ကြီးထွားလာ သည့် တရုတ်တို့ခြေရာနှင့် မြန်မာပြည်အပေါ် မည်သို့သက်ရောက်စေသည့် အကြောင်းကို အလေးပေး တင်ပြထား သည်။ သို့သော်လည်း မြန်မာနိုင်ငံကို ယခုအခြေအနေသို့ ဆိုက်ရောက်စေခဲ့ရသည့် အဓိက အကြောင်းအချက်များ ကိုမူ အနည်းအကျဉ်းမျှသာ တို့ထိတင်ပြထားသည်။

စာရေးသူကမူ ခေတ်သစ်မြန်မာနိုင်ငံ၏ ကျရှုံးမအောင်မြင်ဖြစ်ရမှုများကို ကိုလိုနီခေတ် နိုင်ငံတော် ကျရှုံးခန်းနှင့် ဒုတိယ ကမ္ဘာစစ်၏ အကျိုးဆက်အဖြစ် ခြေရာကောက် တင်ပြထားသည်။ ဦးသန့်မြင့်ဦးက "ဗြိတိသျှတို့အနေဖြင့် ဆက်၍ကျန်နေပြီး စီးပွားရေးနာလံထူနိုင်စေရန် ကူညီနိုင်ဖို့ရှိသည်။ သို့သော်လည်း ဤသို့ မဖြစ်ခဲ့သည်မှာ ပြင်ပ အကြောင်းအချက်များကြောင့် မဟုတ်။ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာခဲ့ပြီး၊ ၎င်းတို့က မည်သည့်တန်ဖိုးဖြင့် ဖြစ်စေ ဗြိတိသျှတို့ကို မောင်းနှင်ထုတ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်" ဟု ဆိုထား သည်။

မည်သို့ဖြစ်စေ မြန်မာနိုင်ငံက လွတ်လပ်ရေးပြီးချိန်တွင် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းနိုင်ခဲ့သော်လည်း၊ လက်ရှိ
နိုင်ငံ၏ အခြေအနေကမူ သူ၏အဆိုအရ ၁၉၉ဝ ခုနှစ်များ အဆန်းပိုင်းနှင့် အလယ်ပိုင်းကာလ ပေးလာသည့် အခွင့်အလမ်းကောင်းများကို မဆုပ်ကိုင်မိသည့် ဖြစ်ရပ်သာဟု သုံးသပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံကို သူသုံးသပ်
ကြည့်သည့်အချိန်က အခြားနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဗီယက်နမ်၊ အခြားသော အာရှကျားများနှင့် အလားအလာ အရ တန်းတူနီးပါး ပြေးနေခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံက စီးပွားရေး တံခါးဖွင့်ရာ လမ်းတွင် ကွဲပြားနေသည့်၊ အပျက်လမ်းသို့ ဦးတည်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ခြင်း မရှိခဲ့၊ ပြင်ပကမ္ဘာနှင့် မချိတ်ဆက်နိုင်ခဲ့ဟု ဆိုသည်။

ဤသုံးသပ်ချက်က ပြောရမည်ဆိုလျှင် စာအုပ်တခုလုံး ဖော်ပြထားသည့် ပင်မ အကြောင်းအရာ အတွက် ဖြည့် ဆည်း ထောက်ပံ့ပေးသည့် အဆိုမျှသာ ဖြစ်သည်။ သူဆိုလိုချင်သည့်အချက်မှာ မြန်မာနိုင်ငံနှင့် စစ်တပ်အပေါ် ချမှတ်ထားသည့် ပစ်ဒဏ်ခတ်ပိတ်ဆို့မှု အကျိုးမဖြစ်ထွန်းပုံနှင့် ဆိုးကျိုးသက်ရောက်စေပုံများ၊ ၎င်းနှင့်အတူ တွဲရှိနေသည့် "အနောက်နိုင်ငံ များမှ လူများကြိုက် ကမ်ပိန်းများ"၊ စစ်အစိုးရကို လူဆိုးဗီလိန်ရုပ်ပုံ ဖော်နေပြီး ပို၍ ပြင်းထန်စွာဒဏ်ခတ်ရန် ဆက်လက် တောင်းဆိုနေမှု စသည့်အချက်များက ပို၍ခိုင်မာသည့် ဆက်ဆံမှုများ
ဖြစ်ပေါ်လာစေမည့်ကိစ္စများအပေါ် အထူးသက်ရောက် ရိုက်ခတ်မှု ရှိနေစေသည်ဟု ဆိုသည်။ စာမျက်နှာ အများစု တွင် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်အပေါ် စိတ်ပျက်မကျေ နပ်မှုများဖြင့် ပြည့်နေသည်။ ၂ဝဝ၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကာလတွင် အကူအညီကိစ္စများကို အဟန့်အတား ဖြစ်စေမှုမှ နေ၍၊ မန္တလေးမြို့ကို တရုတ်စွန့်စား စီးပွားရင်းနှီးမြှုပ်နှံသူများ အကြား ပြိုင်ဘက်မရှိ ပေလျကံ ပစ်ထားခဲ့ရမှုများ အဆုံး ပတ်သက် ဖော်ပြထားသည်ကို
တွေ့ရသည်။

ထို့အပြင် ဆက်လက်အားပြိုင်နေဆဲဖြစ်သည့် တိုင်းရင်းသားအင်အားစုများကို သိမ်းကျုံးစုစည်းနိုင်ရေး ဆက်လက် လှုပ်ရှား ကြိုးပမ်းနေနှင့် ပတ်သက်၍လည်း ဦးသန့်မြင့်ဦးက သူ့အမြင်ကို တင်ပြထားသည်။ တဖက်က ပိတ်ဆို့ ဒဏ်ခတ်ထားချိန်တွင် ကုလသမဂ္ဂက ဖြည့်ဆည်းလှုပ်ရှားမည့် ချည်းကပ်မှု ရှိမနေခြင်း၊ ကမ္ဘာ့ဘဏ် အကူအညီများ ရှိမနေခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများအပြီး၊ ၎င်းနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ တန်းတူ ယှဉ်၍ လက်တွေ့မလိုက်နိုင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

စာအုပ်က ပြောလိုသည့် အဓိကအကြောင်းအရာကို ပြန်၍ သွားရမည်ဆိုလျှင် လက်ရှိအိမ်နီးချင်းနိုင်ငံ နှစ်ခုက လုပ်ဆောင်နေပုံမှာ မြန်မာနိုင်ငံကို ဘေဂျင်းနှင့် နယူးဒေလီက လုယက်ခိုးယူနေကြခြင်း ဆိုသည်ထက် ပိုမို
ပြောင်မြောင်မည့် စကားအသုံးအနှုန်း မရှိနိုင်တော့ပါ။ မြန်မာနိုင်ငံ ဇာတ်ကြောင်းတလျှောက်လုံးတွင် တရုတ်က ပါဝင် ပတ်သက်နေသော်လည်း၊ အိန္ဒိယကမူ လွမ်းမောစရာ ကိုလိုနီခေတ် အတိတ်က ဆက်နွယ်ခဲ့မှုများ၊ အစော ပိုင်း လူ့ယဉ်ကျေးမှု ဖြစ်ထွန်းစဉ်ကာလ ဆက်သွယ်မှုများမှလွဲ၍ ပြောစရာ မရှိသလောက် ဖြစ်နေသည်။

အာဏာဆက်၍ ကြီးထွားလာနိုင်မှုနှင့် ပတ်သက်၍ ဖော်ပြ ထားချက်များတွင် လုံခြုံမှုမရှိဟု ခံစားနေရသည့် အိန္ဒိယက လုံခြုံစိတ်အပြည့်ရှိနေသည့် တရုတ်နှင့် ရင်ဆိုင်နေရသည့် ဝန်းကျင်စိတ်ခံစားမှုကို ထင်ဟပ်နေသည်။ တနည်းဆိုရသော် မြန်မာနိုင်ငံ ရှေ့တန်းမျက်နှာစာအတွက်မူ မြင်ရသည့်ပုံကားချပ်မှာ ထိုးစစ်ဆင်နေသည့် အရှေ့အာရှ အင်အားကြီးနိုင်ငံနှင့် ခုခံကာကွယ်နေရသည့် တောင်အာရှ မဟာအင်အားကြီးကို တွေ့မြင်နိုင်သည်။
Thant-Myint-U
ယခင်က ကုလသမဂ္ဂ သံအရာရှိ တဦး
ဖြစ်ခဲ့ဖူးသည့် ဦးသန့်မြင့်ဦးက ယခု
အခါ ဘန်ကောက်မြို့တွင် နေထိုင်၍ စာရေးဝမ်း ကျောင်းနေပြီး၊ မြန်မာ၊
အိန္ဒိယ၊ တရုတ် နိုင်ငံများသို့ ခရီးလှည့် လည်ခဲ့သည်။ သူက "မြန်မာပြည်နှင့်
ပတ်သက်၍ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သမိုင်း
ကြောင်း- ခြေရာပျောက် မြစ်တစင်း"
အမည်ရ စာအုပ်ရေးသားခဲ့သူလည်း
ဖြစ်သည်။ ဓာတ်ပုံ။ Macmillan

တရုတ်နိုင်ငံကို နှိုင်းယှဉ်၍ ဖော်ပြရလျှင် ၂၁ ရာစု၏ ပထမဦးဆုံး ဆယ်စုနှစ် တွင် အခြေခံ အဆောက်အဦ စီမံကိန်း များ တည်ဆောက်နေမှုမှာ ပြီးခဲ့သည့် ရာစုနှစ်များရှိ အမေရိကန်ပြည်ထောင်စု၏ စုစုပေါင်း စီမံကိန်းများထက် များပြားနေသည်ကို မြင်နေရသည်။ အိန္ဒိယကမူ သူ့နိုင်ငံနေရာ အနှံ့အပြား
တွင် ပင် ခေတ်သစ် အခြေခံ အဆောက် အဦးများ ကင်းမဲ့နေသေး သည်။ "တရုတ်နိုင်ငံ၏ ပြည်နယ်တခု ဖြစ်သည့် (ယူနန်က များမကြာမီတွင် မန္တလေး သို့ အမြန်ပြေး ကျည်ဆံရထားလမ်း ပေါက်တော့မည် ဖြစ်သော်လည်း၊ အိန္ဒိယ ၏ အရှေ့မြောက်ပိုင်း ပြည်နယ်မြို့ ဖြစ်သည့်) အင်ဖာတွင် ကျေးလက်လမ်း မျှသာ ရှိနေသေးသည်" ဟု ဦးသန့်မြင့်ဦးက သူ၏ လေ့လာတွေ့ရှိချက်ကို
ဖော်ပြထား သည်။

ယခုအချိန်တွင်မူ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အတွေ့အကြုံများ၊ လက်ရှိ သူတို့၏ အကျပ်အတည်းများက မြန်မာနိုင်ငံ အတွက်မူ နောက်ထပ် အခွင့်အလမ်း တံခါးပေါက် ဖြစ်နေစေသည်။

လက်ရှိ ဖြစ်နေဆဲ ဖြစ်သလို၊ မြင်သာနေသည့် တရုတ်နိုင်ငံ တိဘက်နှင့် ရှင်ကျန်းဒေသများမှ မတည်ငြိမ်မှုများနှင့် နှိုင်းယှဉ်၍ ယူနန်က လက်ရှိ
ကာလ တွင် တည်ငြိမ်နေမှုကိုလည်း သူက ဆွေးနွေးထားသည်။ ဦးသန့်မြင့်ဦးက တွက်ဆဖော်ပြရာ၌ တိဘက်နှင့် ရှင်ကျန်းတွင် ပြောရ
လျှင် တသားတည်း လူမျိုးဝိသေသတူ အတိုက်အခံများ ထက်စာလျှင် ယူနန်ပြည်နယ်ရှိ ကွဲပြားနေသည့် ဝိသေသလက္ခဏာပိုင်ဆိုင်ထားသည့် လူမျိုးများအကြား ယှဉ်ကြည့်ပါက လုံခြုံရေးရှုထောင့်ဘက်မှ ကွဲပြားခြားနားမှုများ မြင်နေရသည်ဟု သုံးသပ်သည်။

သို့ဆိုလျှင် မြန်မာနိုင်ငံအတွက် မည်သို့ အဓိပ္ပါယ် ရသနည်းဟု ဆက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တရုတ်
နိုင်ငံထက် သေးငယ်သည့် ပထဝီဒေသရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စုများကို တသားတည်း ဝိသေသ တူဟု တွက်ချက်မည်လော၊ ရှုပ်ထွေးသည့် ပြဿနာဟု တွက်ဆမည်လောဟု စောကြောစရာ ဖြစ်စေသည်။
သေချာ သည်မှာ ဘေဂျင်းအစိုးရအတွက်မူ နေပြည်တော်၏ ခြောက်အိပ်မက်သည် သူတို့အဖို့ ဆိုဗီယက်ယူနီယံ
မှ ခွဲထွက်ခဲ့သည့် ပြည်နယ်တခု၏ ပြဿနာအဖြစ်သာ မြင်ပေလိမ့်မည်မှာ မလွဲပင်။

တဖန် မြန်မာနိုင်ငံရှိ လက်ငင်း တိုင်းရင်းသားအကျပ်အတည်း အက်ကြောင်းကိုလည်း ဒုတိယကမ္ဘာစစ်ပြီးကာလ သမိုင်းကို သူက ပြန်၍ထောက်ပြပြောဆိုခဲ့သည်။ ဘေဂျင်းက ၁၉၅ဝ ခုနှစ်များတွင် သူ၏နယ်မြေများကို ပြန်၍ ချုပ်ကိုင်ရယူခဲ့ရာ တိုင်းလူမျိုးများ နေရာဒေသများလည်း အပါအဝင် ဖြစ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရ
နှင့် တပ်မတော်ကမူ ဤသို့ အဆုံးအဖြတ်ပေးနိုင်သည့် ကြိုးပမ်းမှုမျိုး မလုပ်ဆောင်နိုင်ခဲ့သလို၊ အစွန်အဖျားရှိ လူမှုအသိုင်းအဝိုင်းမှာ မသိမ်းသွင်းနိုင်ဘဲ သည်အတိုင်း ကျန်နေခဲ့သည်။

ယခုတိုင် မြန်မာနိုင်ငံရှိ ဗဟိုအစိုးရအနေဖြင့် ကျင့်သုံးနေဆဲ လက်ကျန်နည်းဗျူဟာများမှာ အပန်းဖြေ ဥယျာဉ် သဖွယ် တိုင်းရင်းသားများကို လူပြစားသည့် ချည်းကပ်မှုမျိုးသာ ဖြစ်သည်ဟု ဦးသန့်မြင့်ဦးက ဖော်ပြသည်။ တချိန်တုန်းက ဘေဂျင်း အစိုးရက ကွဲပြားသော်လည်း ညီညွတ်သည့်လူထုများအဖြစ် စုစည်း ဂုဏ်ယူဖော်ပြ ခဲ့ကြ သည့် လုပ်ရပ်နှင့်အလားတူ ဖြစ်သည်ဟုဆိုသည်။ ဥပမာတခုအနေဖြင့် မြန်မာအစိုးရ၏ အုပ်ချုပ်ရေး မြို့တော်
နေပြည်တော်တွင် မြန်မာနိုင်ငံတိုင်းနှင့် ပြည်နယ်များကိုယ်စားပြု ဆောက်လုပ်ထားသည့် ဥယျာဉ်ကျယ်ကြီး တခု လည်း ရှိသေးသည်။ အဝင်ဝတွင် မစ်ကီးမောက်စ် ကာတွန်းဇာတ်ကောင်က ကြိုဆိုနေပြီး၊ မြင်းလှည်းဖြင့် နိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များကို လှည့်လည်ကြည့်ရှုနိုင်ရန် စီစဉ် ထားသည်။ တိုင်း/ပြည်နယ်ကိုယ်စားပြု အထိမ်းအမှတ် များ အပန်းဖြေဆွဲဆောင်မှုအဖြစ် တည်ဆောက်ထားပြီး၊ အမှန်တကယ် ခက်ခဲနက်နဲသည့် ပြဿနာများ၊ ဒေသ အခြေအနေများကို လုံးဝထင်ဟပ်နေခြင်း မရှိပေ။

အိန္ဒိယနိုင်ငံအတွက်မူ ဦးသန့်မြင့်ဦးက ၎င်း၏ အရှေ့မြောက်ဒေသကို "မြန်မာပြည်အငယ်စား" ဟု ဖော်ပြပြီး၊ "မည်သူမျှ သူတို့အိန္ဒိယရှိ အဆင့်အနေကို ပျော်ရွှင်မှုမရှိ၊ ဤသို့ လူအားလုံးက ကိုယ်စီခံစားနေရသော်လည်း ဘုံလှုပ်ရှားမှုအဆင့် တိုးတက်လာခြင်း မရှိ" ဟု ဖော်ပြထားသည်။ သူက နာဂလူမျိုးများအတွင်းရှိ အခြေအနေ ကိုလည်း ထပ်၍လေ့လာတင်ပြ ခဲ့သေးသည်။ ၎င်းတို့အတွင်း နိုင်ငံတကာ ထောက်ခံမှုရစေရန် ဖက်ဒရယ်
ပြည်ထောင်စု အဖြစ် ပြောဆိုနေကြသော်လည်း လုံးဝ လွတ်လပ်ရေးကို ဖုံးကွယ်ပြောဆိုနေမှုအဖြစ် သူတင်ပြ သည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဖက်ဒရယ်ပြည် ထောင်စု တည်ထောင်ရန် တိုင်းရင်းသား အုပ်စုများက
ပြောဆိုနေကြသော်လည်း၊ အမှန်သိနိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံတွင်းရှိ တိုင်းရင်းသားနှင့်
နိုင်ငံရေးအင်အားစု အမျိုးမျိုးအကြား မညီညွတ်ကွဲပြားနေကြသည်မှာလည်း ငြင်း ဖွယ်မရှိဟု သူက ဆိုထားသေး သည်။

"တရုတ်ပြည်နှင့် အိန္ဒိယတွေ့ဆုံသည့် နေရာ" အမည်ရ စာအုပ်သည် ဖွံ့ဖြိုးမှုဆိုင်ရာ၊ စီးပွားရေး အကျိုးစီးပွား ဆိုင်ရာ၊ နိုင်ငံရေး ပထဝီဖွဲ့စည်းပုံတို့ကြောင့် သက်ရောက်ထိခိုက်မှုရှိရာ ဇာတ်ကြောင်းလည်း ဖြစ်သည်။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ပထဝီအပြောင်းအလဲများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဖန်တီးရယူနိုင်သည့် ဖွံ့ဖြိုးရေး ဇာတ်လမ်းဟုလည်း ဖော်ပြထား သည်။ ကျမ်းရိုးနိုင်ငံရေး ကိစ္စများကို ဤဖြစ်စဉ်တွင် သူက တစုံတရာ ထည့်သွင်း
ဖော်ပြထားသော်လည်း၊ သူ၏နောက်ဆုံး စကားကိုမူ လားရှိုးတွင် သူတွေ့ဆုံခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်
၏ စကားလုံးများဖြင့်သာ ဖော်ပြရလိမ့်မည် ဖြစ်သည်။ "သူတို့ (မြန်မာ) တွေက ဒီမိုကရေစီ မလိုပါဘူး။ တချက်လေး
တောင် မလိုပါဘူး။ သူတို့လိုတာက သူတို့အစိုးရကို ဖွံ့ဖြိုးတိုးတက်စေအောင် လုပ်ဖို့ပါ" ဟု ဆိုသည်။ သူပြောလို သည်ကို အတိအကျ ချုပ်၍ ဖော်ပြထားသလို ဖြစ်နေသည်။ လက်ရှိနေပြည်တော်ရှိ စဉ်းစားချက်ကလည်း ဤအတိုင်းပင် ဖြစ်ဖို့ ရှိနေသည်။

သို့ဆိုလျှင် တရုတ်နှင့် အိန္ဒိယက တဖက်တချက် ဝိုင်းပတ်နေသည့် ၂၁ ရာစု မြန်မာနိုင်ငံကို မည်သို့ တည်ဆောက် ကြမည်နည်း။ ဦးသန့်မြင့်ဦးအတွက်မူ ကွဲပြားနေသည့် ယေဘုယျလမ်းကြောင်း နှစ်ခု ချပြစဉ်းစားခိုင်းဖို့ ရှိနေသည်။

ပထမလမ်းကြောင်းမှာ စီးပွားဒဏ်ခတ် ပိတ်ဆို့မှုကို သက်သေပြုထားသည်။ ဤသို့သော အခြေအနေအောက်တွင်
မြန်မာစီးပွားရေးက တိုးတက်လာဖို့ ရှိသည်။ သို့သော် ပဋိပက္ခများကို မဖြေမရှင်းနိုင်ဘဲ ကျန်နေပြီး၊ အာရှ၏ လမ်းဆုံ လမ်းခွအသစ်သည် အာရှနိုင်ငံများ၏ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်တွင် တိုး၍ ဆက်စပ် ချိတ်ဆက်လာမည် ဖြစ်သော်လည်း၊ အန္တရာယ်များ ပြည့်လျှမ်းနေမည့်လမ်းသာ ဖြစ်သည်။ ဒုတိယရွေးလမ်းမှာ အံ့သြဖွယ်မဟုတ်သည့် သူ၏ တောင်းဆိုချက်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အမြန်အဆုံးသတ်ရေး ဖြစ်ပြီး၊ သို့မှသာ ညီမျှသည့် ဖွံ့ဖြိုးမှုဖြစ်ပေါ် လာနိုင်မည်ဟု ဆိုသည်။ တပြိုင်တည်းတွင် တိုင်းရင်းသားတို့၏ နစ်နာချက် များကို ဖြေရှင်းပေးသွားပြီး အာရှကမ္ဘာ၏ ဗဟို ချက်မအသစ်အဖြစ်၊ သဟဇာတရှိ ငြိမ်းချမ်းစွာ၊ မတူကွဲပြားသော လူမျိုးများစုစည်း ရပ်တည်နိုင်ရေးပင် ဖြစ်သည်။

မည်သို့သော ရွေးလမ်း အခြေအနေကို ရွေးချယ်သည်ဖြစ်စေ၊ အခြား ထည့်သွင်းတွက်ချက်ရမည့် ကိန်းရှင်များ လည်း အများအပြား ရှိနေသေးသည်။ အခြားထည့်သွင်းစဉ်းစားရမည့် အချက်များတွင် တခုအပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ထူးထူးခြားခြား ခြိမ်းခြောက်မှုများ မကြုံတွေ့ရဘဲ တည်ငြိမ်စွာ စီးပွားဆက်၍ တက်နေဦးမည်ဟု ပွင့်ပွင့်လင်းလင်း မှန်းဆထားခဲ့သည်။ အိန္ဒိယနိုင်ငံအတွက်မူ အထူးသဖြင့် အရှေ့မြောက် ပြည်နယ်များကို စုစည်းရေးအတွက် အဓိကအခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် ကျန်နေသေးပြီး၊ အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းသည် ကျန်ဒေသများအတွက် စီးပွားဖွံ့ဖြိုးမှုကို ပို၍ခံစားတွေ့ကြုံရသည်ဟု ဆိုသည်။ ထို့အပြင် ဒက္ကာ (ဘင်္ဂလားဒေ့ရှ်) တွင် ရွေးကောက်ပွဲများအပြီး တက်လာသည့် အစိုးရတွင် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များက နယူးဒေလီနှင့် ဆက်ဆံရေးတွင် အဆင်မချောသူများ ဖြစ်နေနိုင်သေးသည်။

နောက်ဆုံးအနေဖြင့် ဖော်ပြရလျှင် ဦးသန့်မြင့်ဦး တင်ပြခဲ့သည့် ခရီးလမ်းကြောင်း၊ များစွာသော ယဉ်ကျေးမှုများကို ယခု စာရေးသူ (မိမိ) ကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးသူ ဖြစ်သည်။ စာအုပ်ဆုံးသွားသည့်အခါ ကျနော်က တကိုယ်ကောင်း ဆန်ဆန် အမြင်တရပ်ဖြင့် ပြင်းပြင်းထန်ထန် ကျန်ရစ်ခဲ့ရသည်။ ကူမင်းနှင့် ရမ်းဗြဲကျွန်းကို ဆက်သွယ်သည့် ကျည်ဆံရထားကို ကျနော် မြင်လိုပါသလား။ ဒေသတခုလုံးအတွင်း လုံးဝ သိသိသာသာပြောင်းလဲသွားမည့် ဘဝများ၊ ယဉ်ကျေးမှုများကို မြင်တွေ့လိုပါသလား။

မေးခွန်းထုတ်ကြည့်မိသလို မမြင်လိုပါဟု ဖြေမိသည်။ ဤသို့ အနည်းဆုံးသော ခံစားမှုမျှနှင့်ပင် ယနေ့မြန်မာ့ လူမှု အဖွဲ့အစည်းကို ယက်ဖောက်ထားသည့် ဆက်နွယ်မှုများကို ကျော်လွန်လုပ်ဆောင်မည့် အခြေခံ အဆောက်အဦနှင့် ဖွံ့ဖြိုးရေးစီမံချက်များက သက်ရောက်လာမည့် ဆိုးကျိုးများအပေါ် စိုးရိမ်လာမိသလို၊ မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍ အတွက်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက်၊ များစွာသော တိုင်းရင်းသား အုပ်စုများ အတွက်လည်း စိုးရိမ်ပူပန်နေမိ ပါတော့သည်။

စာအုပ်အမည်– Where China Meets India: Burma and the New Crossroads of Asia (တရုတ်နှင့် အိန္ဒိယတို့ တွေ့ဆုံသည့် နေရာ။ အာရှ လမ်းဆုံလမ်းခွရှိ မြန်မာပြည်)
စာရေးသူ- Thant Myint-U
ပုံနှိပ်ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်- Farrar, Straus and Giroux, 2011.
Joseph Ball ရေးသားသည့် စာအုပ်ဝေဖန်ချက် Burma in the crosshairs ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။




pegu1
title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)
ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement
နောက်ဆုံးဆောင်းပါးများ

ပစ်မှတ်ထဲက မြန်မာပြည်
နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်
ဝါးလုံးထိုး ရေဆင်းလာပြီးနောက်
သတင်းတွေ အပြင်ဆက်ပို့မယ် ဆိုတဲ့ Burma VJ
မစုစုနွေးနှင့် အင်တာဗျူး
သာယာဝတီ အကျဉ်းထောင်မှာ ခြစားနေမှုက
လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ

e-letter-burmese
Who is Online
We have 1192 guests online
tayzaw wrote on Oct 16, '11
ကိုရင်လည်း
ဖတ်ရှု့သွားတယ် တော်တော်ဆုံတယ်နော်။
thant175 wrote on Sep 22, '11
လာလည်ပါတယ်မမ။စာတွေလည်းဖတ်သွားပါတယ်။
Have a nice day
kooo002 wrote on Sep 13, '11
မရောက်တာလည်းအတော်လေးကိုကြာနေပြီနော်....
ဖတ်စရာ မှတ်စရာတွေ တစ်ပုံတစ်ပင်ပါပဲလား
အလွန်ကို ကျေးဇူးများလှပါတယ် ..တစ်ကယ်ပါ
ahlakabarlay wrote on Aug 24, '11
ရောက်ခဲ့ပါတယ်
တော်တော်ကောင်းပါတယ်
minminzaw152 wrote on Jul 31, '11
kotoegyi wrote on Jun 27, '11
Chit Oo Nyo by Niknayman
သာသာနဲ့ နာနာနှက်တဲ့ ဆရာ ချစ်ဦးညို

ရန်ကုန်မြို့ မြောက်ဥက္ကလာမှာ မကြာခင်က ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲအတွင်း စာရေးဆရာ ချစ်ဦးညို ဟောပြောချက်ပါ။ ပညာသားပါပါလေး နာနာနှက်သွားတာကို ပရိသတ်ကလည်း ဒက်ကနဲ ဒက်ကနဲ သဘောပေါက်ကြလို့ တော်တော်မြိုင်တဲ့ ပွဲဖြစ်ပါတယ်။ အွန်လိုင်းမှာလည်း လူကြိုက်များကြတာမို့ ဒီကနေတဆင့် ရှဲပေးလိုက်ပါတယ်။
ashinvisuta888 wrote on Jun 11, '11

ဦးဇင်း အလည်ရောက်လာပြီး စာများကို ဖတ်သွားပါတယ်။
ကျန်းမာရွှင်လန်းပါစေ....။
mevision wrote on Jun 2, '11
ဒီ ကိုရောက်ရင် လောဘကြီးတတ်လာတယ်။စာဖတ်၇တာမ၀ဘူး။
မ sandy ရေ...စကားဝါမြေမှာတော့ စာအုပ်အသစ်တွေအတော်များများရောက်ပါတယ်..
စာအုပ်ကောင်းတွေဖတ်ရတာ တကယ့်ကို လောဘဖြစ်လာတာတူတယ်..ပျော်ရွှင်ချမ်းမြေ့ပါစေ
artistsandy wrote on May 30, '11
ဒီ ကိုရောက်ရင် လောဘကြီးတတ်လာတယ်။စာဖတ်၇တာမ၀ဘူး။
linaungpyaeart wrote on May 24, '11
ရောက်ခဲ့ပါတယ်....။
waterspot wrote on May 23, '11
လာလည်ပါတယ်ခင်ဗျာ
yinminkhine wrote on May 5, '11
.
linaungpyaeart wrote on Apr 25, '11
လာလည်ပါတယ်.....
matethaminthamee wrote on Apr 18, '11
ဒီဆိုဒ်လေးကို သိခွင့်ရတာ အရမ်းတန်ဖိုးရှိလှပါတယ်
.
.